ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်၌ လျှပ်စစ်နှင့် အဆင့်မြင့်ဆိုလာတပ်ဆင်ခြင်း နည်းစနစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

ဒဂုံမြောက် ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်၌ အဆင့်မြင့်ဆိုလာတပ်ဆင်ခြင်း နည်းစနစ်သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မြောက်ဒဂုံ)၌ ကျင်းပသည်။

သင်တန်းကို နိုင်ငံတော်၏ အနာဂတ်အတွက် စီးပွားရေးနှင့်လူမှုဘဝ ဖွံဖြိုးတိုးတက်စေရန်၊ နည်းပညာဖွံဖြိုးတိုးတက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ကိုက်ညီစေပြီး လုပ်သားများအတွက် နည်းပညာအသစ်များ တိုးတက်စေ၍ အနာဂတ်အလုပ်အကိုင်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး Power Bolt Co.,Ltd မှ ဆိုလာကျွမ်းကျင်ပညာရှင် သင်တန်းနည်းပြဆရာ (၃)ဦး၊ FEG Institute မှ လျှပ်စစ်ကျွမ်းကျင် ပညာရှင်သင်တန်းနည်းပြဆရာ (၁)ဦး တို့မှ သင်ကြားဆွေးနွေး ပိုချပေးမည်ဖြစ်ရာ သင်တန်းကာလမှာ ၂၀၂၆ ခုနှစ် ဇွန် ၆ ရက်နေ့မှ  ဇူလိုင် ၁၃ ရက်နေ့အထိ သင်ကြားချိန် စာတွေ့ (၆၆)နာရီ၊ လက်တွေ့ (၄၂)နာရီဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Online ဖြင့် အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား (၃၇)ဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းမှ လုပ်ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။

မြင့်မြင့်ရီ