သာကေတ ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက J & M Steel Solutions ကုမ္ပဏီ၌ အလုပ်ရုံနှင့်အလုပ်သမားဥပဒေဆိုင်ရာနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်ခိုင်ဝင်းက လုပ်ငန်းခွင်ကျန်းမာရေးနှင့်ပတ်သက်၍ မှတ်သားလိုက်နာသင့်သည်များကို ဟောပြောဆွေးနွေးပြီး သာကေတမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကိုကိုက အလုပ်ရုံနှင့်အလုပ်သမားဥပဒေဆိုင်ရာသိကောင်းစရာများ၊ ထိခိုက်မှုအန္တရာယ်ကာကွယ်နည်းများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံနှင့်အလုပ်သမားဥပဒေဆိုင်ရာနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲသို့ J & M Steel Solutions Co.ltd မှ တာဝန်ခံများ၊ အလုပ်သမားများ တက်ရောက်ပြီး ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)