ကျောက်ဆည် ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သင်တောင်းကြီးကျေးရွာ၊ ရွှေသိမ်တော်ဓမ္မာရုံ၌ ဇွန် ၅ ရက် မွန်းတည့် ၁၂ နာရီအချိန်က ၂၀၂၆ ခုနှစ် နိကာယ်စာမေးပွဲ ကျင်းပသည်။
နိကာယ်စာမေးပွဲဖြေဆိုရာ၌ အုပ်စု(၁)ဝိဒူတန်း၊ ပါရာဇိကပါဠိ၌ စာဖြေသံဃာ ၃၄ ပါး၊ အုပ်စု(၂) ဝိဒူတန်း၊ သီလက္ခန္ဓဝဂ္ဂပါဠိ ၌ စာဖြေသံဃာ ၁ ပါး၊ အုပ်စု(၃)ဝိဒူတန်း မူလပဏ္ဏာသပါဠိ၌ စာဖြေသံဃာ ၂ ပါး၊ အုပ်စု(၅)ဧကကမှ စတုက္ကနိပါထိ စာဖြေသံဃာ ၆ ပါး စုစုပေါင်း သံဃာတော် ၄၃ ပါး ဖြေဆိုခဲ့ကြောင်း သိရှိရပြီး နိကယ်စာမေးပွဲများကို ဇွန် ၅ ရက်မှ ၉ ရက်အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)