သတင်းများ

ကြံခင်းမြို့နယ်၊ ကြပ်ကွင်းကျောင်းထိုင်ဆရာတော်မှ အမက ကျောင်းသား၊ ကျောင်းသူများ နှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များပေးအပ်
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ဦ ကြံခင်းမြို့နယ်၊ ကြာအင်းအုပ်စု၊ ကြပ်ကွင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဗလာ စာအုပ်များပေးအပ်ပွဲ ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ဆဋ္ဌမနေ့ ဘာသာပြန်ဘာသာ နှင့် ပဋ္ဌာန်းကုလသတိက်ဘာသာရပ်များ ဆက်လက်ဖြေဆို
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်း ရှိ သာသနာ့ဗိမာန် တော်ကြီးတွင် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သာသနာတော် တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်း ဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ၂၀၂၅ ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ယနေ့ နေ့လယ် (၁၂)နာရီ၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။
ဖျာပုံမြို့၌ စားသုံးသူ ဘေးကင်းလုံခြုံမှုရှိစေရေးဆီအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် လိုက်လံစစ်ဆေး
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများသည် မြို့နယ်အတွင်း ရောင်ချလျက်ရှိသော ဆီအရောင်းဆိုင်များအား စားသုံးသူ ဘေးကင်းလုံခြုံမှုရှိစေရေး စျေးကွက်စောင့်ကြည့် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က လိုက်လံစစ်ဆေးဆောင်ရွက်ကြသည်။
စစ်ကိုင်မြို့တွင် အမျိုးသမီးများအတွက် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်
Jun 09,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်အတွက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၉ ရက် နံနက်ပိုင်းက ခါမင်းဝဲတောင်ကျောင်း၊ ဓမ္မာရုံ၌ ကျင်းပသည်။
မြန်အောင် မြို့မနေခြည်စျေးရှေ့တွင် ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှ မြို့မနေခြည်စျေးရှေ့တွင် ယနေ့နံနက်က အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့်ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
မအူပင်မြို့၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အ‌ရောက် ရောင်းချပေး
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၃)ရပ်ကွက်၊ ကမ်းသာယာဈေးအနီးရှိ နယ်မြေမီးသတ်စခန်းရှေ့တွင် သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ (၃၆) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
Jun 09,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁) ရပ်ကွက် ရတနာပုံကျောင်းတိုက် ရွှေစင်ရတနာဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား (၃၆)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ ခုနှစ် သက်တမ်း(ဒုတိယ)အကြိမ် အသင်းသားစုံညီ အစည်းအဝေးနှင့် ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းအတွက် အမှုဆောင်အသစ် ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Jun 09,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ ခုနှစ် သက်တမ်း(ဒုတိယ) အကြိမ် အသင်းသားစုံညီအစည်းအဝေးနှင့် ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းအတွက် အမှုဆောင်အသစ်ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က တောင်ကြီးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI)၌ ကျင်းပခဲ့ကြောင်း သိရသည်။