မင်းလှမြို့တွင် ထင်းအစားအခြားလောင်စာတိုးမြှင့် သုံးစွဲရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုပညာပေး ဟောပြော

မင်းလှ    ဇွန်   ၆

မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ စီစဥ်ကြီးကြပ်မှုဖြင့် ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက မင်းလှမြို့၊ ရုံးရပ်ကွက်မြောက်ပိုင်းရှိ သာသနာ့ဗိမာန် ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိုက်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး  တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်စိုးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ထင်းအစား အခြားလောင်စာတိုးမြှင့်အသုံးပြုရန်  လူထုအသိပညာပေးဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က စွမ်းအားမြှင့်မီးဖိုများအား ထိရောက်စွာအသုံးပြုစေလိုကြောင်း ဆွေးနွေးပြီး မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အစီအစဥ်ဖြင့်ဟောပြောပွဲ တက်ရောက်သည့် အိမ်ထောင်စုဝင် ၄၁၀ အတွက် စွမ်းအားမြှင့်အေဝမ်း မီးဖိုအလုံး  ၄၀၀ ကို ပေးအပ်ခဲ့ကြောင်းသိရသည်။ 

ဝင်းမြတ်(အထက်မင်းလှ)