ရွှေပြည်သာ ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာအခြေခံသင်တန်း အပတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆုရရှိသူများအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဆုရကျောင်းသူတစ်ဦးနှင့် မိဘတစ်ဦးတို့မှ ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူ/သားများနှင့် မိဘများ တက်ရောက်ကြသည်။
နေမျိုးထွန်း(ပြန်/ဆက်)