ပုသိမ်ကြီး ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့ မွန်းတည့် ၁၂နာရီက ကျင်းပသည်။
ဦးစွာ တွဲဖက်မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်နွဲ့ က အမှာစကားပြောကြားပြီး စာအုပ်စာစောင်ပြပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ ဆေးရောင်ခြယ်၊ ကျပန်းစကားပြော စသည့် ပြပွဲ၊ ပြိုင်ပွဲများကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူများအား အသိပညာပေးအနေဖြင့် ဆောင်ရွက်သည်။
အဆိုပါ ပြပွဲပြိုင်ပွဲများကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကာ အထက(ပုသိမ်ကြီး) Grade - 6 မှ ကျောင်းသားကျောင်းသူ ၄၀ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်