ပြည်ကြီးတံခွန် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.ကခွဲ လ(၂၅) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင် စောလွင်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက ဖြစ်တတ်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ စသည့်အကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များကိုလည်း ယင်းကျောင်းရှိ ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများအား အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်းဟောပြောပွဲကို Grade-7 ကျောင်းသား၊ ကျောင်းသူလေးများနှင့် Grade-8 ကျောင်းသား၊ ကျောင်းသူလေးများ စုစုပေါင်း(၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်