သတင်းများ

ရေးမြို့နယ်၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ
Jun 24,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်ရေးနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်တတ်စေရေးတို့အတွက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဇွန် ၂၀ ရက်က အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကို ရန်ကြီးအောင် အရန်မီးသတ်စခန်းတွင် ဆောင်ရွက်သည်။
ပေါင်းတည်၌ အလုပ်သမားများအား ကျန်းမာရေးဝန်ဆောင်မှုပေး
Jun 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၁၉ ရက်က နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် လူမူဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား တော်ဝင်နဂါး ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က လာရောက်ဝန်ဆောင်မှုများပေးခဲ့ကြ​ကြောင်း သိရသည်။
ရေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်
Jun 24,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝအချက်အလက်များ (Biometric Data ) ကောက်ယူ၍UID (Unique Identification Number) နံပါတ်ထုတ်ပေးခြင်းကို ဇွန် ၂၁ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒူးယားကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်သည်။
ကျိုက်လတ်၌ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားဆောင်ရွက်
Jun 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်း အနားကို အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း (၄)ဖြတ်လမ်းထိပ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန်(တနင်္ဂနွ)အပတ်စဥ် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား
Jun 24,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အရှင်ဣန္ဒ (ရွှေသဲကုန်းဓမ္မစကူးလ်တာဝန်ခံဆရာတော်) ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ရွှေသဲကုန်းဓမ္မစကူးလ် (တနင်္ဂနွေ) အပတ်စဥ်ဗုဒ္ဓဘာသာသင်တန်းကို ဇွန် ၂၂ ရက်နေ့ နံနက်(၈)နာရီက ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ ရွှေဘုန်းရှိန်ဘုရားလမ်း၊ တပ်မင်္ဂလာတိုက်ကျောင်းရှိ ရွှေသဲကုန်းဓမ္မစကူးလ်သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၉၄) ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Jun 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(ခွဲ) လ (၂၅) ကျောင်းတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်
Jun 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ)လ (၂၅) ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်သည်။
မန္တလေးမြို့တွင် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jun 24,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၃ ရက်နေ့ နံနက်ကိုးနာရီခွဲက တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။