ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(ခွဲ) လ (၂၅) ကျောင်းတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

ပြည်ကြီးတံခွန် ဇွန်၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (ခွဲ) လ (၂၅) ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်သည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တ‌လေးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့်ဝန်ထမ်းများက Grade-9 ကျောင်းသား/ သူများ၊ Grade-7 ကျောင်းသား/သူများအား လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ပြီး ယင်းလက်ကမ်းစာစောင်တွင် ပါရှိသော မူးယစ်ဆေးဝါးတိုက်ဖျက်ကာကွယ်ရေးအတွက် “အဆိပ်ပန်း” ကဗျာ၊ မူးယစ်‌ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်းသည့် စသည့်အကြောင်းအရာများ ပါရှိသော သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်