သာပေါင်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား(၃၆၉)ဦး၊ နိုင်ငံရေးပင်စင်စား(၁၃၂)ဦး၊ ရဲပင်စင်စား(၄၁)ဦး၊ မြို့ပြပင်စင်စား(၅၄၄)ဦး၊ ဘဏ်ဝန်ထမ်းပင်စင်စား(၈)ဦး ပေါင်းအငြိမ်းစား ပင်စင်စားဦးရေ (၁၀၉၄) ဦးရှိရာ ယမန်နေ့က မြို့ပြပင်စင်(၂၀၆)ဦး၊ ကာကွယ်ရေးပင်စင် (၁၄၄)ဦး၊ရဲ ပင်စင်(၁၆)ဦး၊ နိုင်ငံရေးပင်စင်(၃၇)ဦး၊ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ပင်စင်(၃)ဦး ပေါင်းပင်စင်စား(၄၀၆)ဦး ထုတ်ပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းပွားနှင့် ကျန်းမာရေးဝန်ထမ်းများက ဂရုတစိုက် စမ်းသပ်စစ်ဆေးကုသပေးကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြသည်။ ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားသက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက် ရှိနေပါကြောင်းနှင့် ပင်စင်လစာငွေများကို လစဥ်(၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက်အလိုရက်နေ့အထိ နံနက် ၈ နာရီမှစတင်၍ လာရောက်ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကို ထုတ်ပေးလျက်ရှိပြီး၊ ကျန်ရှိသူများကို အစိုးရရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မန်နေဂျာဒေါ်အေးအေးမွန်ထံမှ သိရသည်။
သိန်းမြင့်မျိုးဦး