သတင်းများ

ရေနံချောင်းမြို့နယ်၌ ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ချေလျော့ပါးရေး နည်းပြသင်တန်းဖွင့်လှစ်
Jun 24,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမန်နိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ချေလျော့ပါးရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်‌နေ့က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ သစ်တပွေရပ်ကွက် ရွှေဘုံသာရပ်ရှိ Country Hotel ၌ ကျင်းပသည်။
နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jun 24,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အဖွဲ့ဝင်ကျောင်းသား/သူလေးများ ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်း ကျင်းပ
Jun 24,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇွန်လ ၂၂ ရက်နေ့နံနက်ပိုင်းက စာရေးဆရာဒေါက်တာတင်ထွန်းဦး၏"ဖိစီးမှုရှင်း သောကကင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ယနေ့နံနက်ပိုင်းက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှုမရှိစေရေး စစ်ဆေးဆောင်ရွက်
Jun 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ၂ ဖြတ်လမ်းထောင့် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ်မော်တော် ယာဉ်များ၊ ယာဉ်နံပါတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ပေါင်းတည်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်
Jun 24,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဥ်ပင်စင်ထုတ်ရက်များတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ယခုလအတွက် ဆက်လက်ဆောင်ရွက်ပေးကြသည်။
ဓနုဖြူမြို့နယ်တွင် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချ
Jun 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များစျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယမန်နေ့   နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၊ မင်းပိုင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြ
Jun 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူဦးကြီးများအတွက် မိုးစပါးအထွက်နှုန်းပန်းတိုင်ရရှိစေရေးဆောင်ရွက်လျက်ရှိရာ ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၄)၊ ဦးပိုင်အမှတ်(၂)ရှိ တောင်သူဦးအောင်မောင်း၏ လယ်မြေ(၃)ဧကတွင် မျိုးစေ့ချ ကိရိယာ (Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ယနေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။