ပေါင်းတည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၁၉ ရက်က နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် လူမူဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား တော်ဝင်နဂါး ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က လာရောက်ဝန်ဆောင်မှုများပေးခဲ့ကြကြောင်း သိရသည်။
ထို ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ပေါင်းတည်မြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ အာမခံအလုပ်သမား (၁၆၂)ဦးအား အခမဲ့ကျန်းမာရေးအခြေအနေစမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ကူညီခြင်းနှင့် လိုအပ်ပါက ဆေးထိုးနှံပေးခြင်း ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များကို အဖွဲ့ဆရာဝန်များနှင့် ဝန်ထမ်းများက အခမဲ့ဝန်ဆောင်မှုများပေးခဲ့ကြသည်။
ပေါင်းတည်မြို့နယ် လူဖူလုံရေးအဖွဲ့သို့ အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ အလုပ်သမား(၇၁ဝ)ဦးရှိရာ ယင်းအလုပ်သမားများအား မြို့နယ်လူမှုဖူလုံရေးအဖွဲ့အနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေသား (IPRD)