ဟိုမိန်းမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဟိုမိန်း ဇွန် ၂၀

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ကြည်လင်လန်းဆန်းစွာ ပညာသင်ကြားသင်ယူနိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအား ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၇ နာရီက မြို့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့   ဆောင်ရွက်ကြရာတွင် စာသင်ကျောင်းပုရိဝုဏ်အတွင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ သိမ်းဆည်းစွန့်ပစ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ အင်အား (၅၀)ဦးဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)