ဟိုင်းကြီးကျွန်းမြို့၊ အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဟိုင်းကြီးကျွန်း ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်သန်စွမ်း၍ အားကစားထူးချွန်သော ကျောင်းသား/ ကျောင်းသူများဖြစ်လာစေရန်ရည်ရွယ်၍ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၄)နာရီအချိန်က အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ၌ ချန်ပီယံဆုရရှိသော ကျန်စစ်သားအသင်းအား (အ.ထ.က) ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးမှ ချန်ပီယံဒိုင်းဆုနှင့် ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး ဒုတိယဆုရရှိသော ဘုရင့်နောင်အသင်းနှင့် တတိယဆုရရှိသော အလောင်းဘုရားအသင်းတို့အား ကျောင်းတာဝန်ရှိသူများမှ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုပေးများ ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲအား ဇွန်လ (၁၄)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျောက် အကောင်းဆုံး ရှေ့၊ လယ်၊ နောက်၊ ဂိုးသမားဆုများနှင့် အသန့်ရှင်းဆုံးကစားသမားဆုများကိုပါ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ပြန်/ဆက်)