ပုဇွန်တောင် ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်၌ အမှတ်(၃)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ သဟပုညကာရီဆွမ်းလောင်းဓမ္မာရုံ(အပေါ်ထပ်)တွင် ပြုလုပ်ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာ နမှူး ဒေါက်တာနန်းလှထွန်းက မိုးရာသီသို့ရောက်ရှိပြီဖြစ်သည့်အတွက် မိုးကာလတွင်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် လတ်တလောပြန်လည်ဖြစ်ပွားနေသော ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုများမှ ကြိုတင်ကာကွယ်နိုင်စေရန် ယခုလိုအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ရောဂါလက္ခဏာများနှင့်ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလာသည့်အတွက် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ခြင်း ဖြင့် ရောဂါအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ကြောင်းအား အသိပညာပေးဆွေးနွေးပြောကြား ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသောပြည်သူများမှ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နန်းလှထွန်းနှင့်ဝန်ထမ်းများ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေး နှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်နှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အမှတ်(၃၊၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာ/ဆယ်မှူးများ၊ ရပ်မိရပ်ဖများ၊ အမှတ် (၃၊၄)ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်