မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ ဇွန် ၁၇ ရက်နေ့ နံနက် ၁၀ နာရီက (ခ)ရပ်ကွက်၊ လူထုဓမ္မာရုံခြံ၀င်းအတွင်းရှိ မြရတနာအလင်းစာကြည့်တိုက်သို့  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အောင်မြင်ရေးအတွက် ကော်မတီအနေဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ခံ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက စာကြည့်တိုက်စနစ်တကျရှိစေရေးအတွက် သုတ/ ရသစာအုပ်များကို သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိရန်၊ စာဖတ်/စာငှား/အသင်းဝင် တိုးတက်ရရှိစေရေး ဆောင်ရွက်ထားရှိမှုများကို မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြရတနာအလင်းစာကြည့်တိုက်ဥက္ကဋ္ဌ ဦးကျော်လတ် စာကြည့်တိုက်တွင် သုတ/ရသ၊ စာအုပ်များ၊ စာဖတ်/စာငှားအခြေအနေများ‌နှင့် စာကြည့်တိုက်အား နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီခွဲအထိ ဖွင့်လှစ်ထားရှိကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ မြရတနာအလင်းစာကြည့်တိုက်ဥက္ကဋ္ဌနှင့် စာကြည့်တိုက်မှူးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)