တောင်ငူမြို့၊ အ.ထ.က (၄) ၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်
Jun 20,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ပညာရေးမှူးရုံး၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့ပေါ်ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းကာ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြလေ့ကျင့်ခြင်းကို ဇွန် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်သည်။