ကျိုင်းတုံ ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် အမှုစစ်(အရာရှိ)(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး မောင်မောင်အေးက သင်တန်းသားများအနေဖြင့် မြေပြင်မှာ အမှန်တကယ်လက်တွေ့လုပ်ငန်းခွင်တွင် ပြစ်မှုကျူးလွန်သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်များရရှိစေရန်၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေးဖော်ထုတ်ဆောင်ရွက်ကြရန်နှင့် ရဲလုပ်ငန်းတာဝန်များ ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရန် သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် နည်းပြဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့သည်။
သင်တန်းသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ အရာရှိရဲတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ပြီး ဇွန် ၉ ရက်မှ ၂၀ ရက်အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)