ညောင်တုန်းမြို့နယ်၌ လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းနှင့် သွေးဆောင်ဖြားရောင်းခိုးယူမှု များကို ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်တုန်း ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက စက္ကော့ကျေးရွာ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းစိုးအောင်က အဖွင့်အမှာစကားပြောကြား၍ ညောင်တုန်းမြို့မစခန်းမှူး ဒုတိယရဲမှူးညီညီကလူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းနှင့် သွေးဆောင်ဖြားရောင်းခိုးယူမှုများကို ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးစိုင်းခွန်ဆမ်ကအမျိုးသမီးများအား အကြမ်းဖက်မှုများအပေါ် ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ခြင်းအကျိုး ကျေးဇူးများနှင့် လူငယ်နဲ့ရည်မှန်းချက်၊ လူငယ်နဲ့စာရိတ္တ၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန် ထက်မြက်ရေးစသည့် လူငယ်လူရွယ်များနှင့်ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သွယ်သွယ်စိုးက အကြမ်းဖက်ခြင်းခံရသည့် အမျိုးသမီးများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ၊ ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း‌ကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)