သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
Jun 20,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့်စိုက်ပျိုး မွေးမြူရေးကျောင်း-အလုံရှိ သတ်မှတ်ကျောင်းဆောင်များတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ် ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားမှုများ၊ စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း စာရေးကိရိယာများ အခက်အခဲမရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက် ပေးထားမှုများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်ခင်းစာ ထမင်း/ဟင်းများ ချက်ပြုတ်ထားရှိမှုများနှင့် အာဟာရဖြည့်အစား အစာများဖြစ်သည့် အချိုရည်ဘူးများ/ မုန့်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 
ပင်လုံမြို့ အ.လ.ကခွဲ(၂)ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနား ကျင်းပ
Jun 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အမှတ်(၂)အခြခံပညာအလယ်တန်းကျောင်းခွဲ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။
ရွှေကျင်မြို့တွင် "ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်း" ဆောင်ရွက်
Jun 20,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(တပ်နယ်)၌ "ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်း" ကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့ ညောင်ရွေအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jun 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း  ကျောက်ဆည်မြို့နယ် ညောင်ရွေအခြေခံပညာအထက်တန်းကျောင်းဘက်စုံသုံးခန်းမတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ ပြည့်ဝပြီးစာဖတ်ရှိန်မြင့်မားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ
Jun 20,2025
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြပွဲတို့ကို ဇွန် ၁၇ ရက်နေ့ မွန်းလွဲ (၁၄) နာရီအချိန်က ညောင်လေးပင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း လင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်မြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jun 20,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် ၊နမ့်စန်မြို့နယ်တွင် ၂၀၂၅ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ(မြို့နယ်အဆင့်)ကို ယနေ့နံနက် ၉ နာရီက  အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့နယ် အမှတ်(၁)မြို့မ အခြေခံပညာအလယ်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲ ကျင်းပ
Jun 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဇွန်လ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဟောပြောပွဲဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်
Jun 20,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ကလေးစာဖတ်ခန်း၌ မူလတန်းကြိုကလေးငယ်များ စွမ်းရည်ဖွံ့ဖြိုးစေရေး၊ပေါင်းစည်းလုပ်ကိုင်တတ်သောအလေ့အကျင့်ကောင်းများရရှိစေရေးအတွက်ရည်ရွယ်၍ ကဗျာရွတ်ဆို၊ ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြသည်။