မိုင်းဖြတ် ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝပတ်ဝန်ကျင်စိမ်းလန်းစိုပြေရေးအတွက်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက အ.လ.က(ခွဲ) ၂၂၁ စာသင်ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးတို့က စိုက်ပျိုးမည့်ပျိုးပင်များကိုဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ သစ်ပင်စိုက်ပျိုးပွဲတော်သို့တက်ရောက်လာကြသည့် နယ်မြေခံတပ်ရင်းမှ အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျွန်း ၁၅၀ ပင်၊ မန်ဂျန်ရှား ၂၀၀ ပင်၊ မဲဇလီ ၁၅၀ ပင်၊ ခရေ ၃၀ ပင်၊ ငုစပ် ၈၀ ပင်၊ စိန်ပန်းနီ ၅၀ ပင်၊ ပန်းမယ်ဇလီ ၁၃၀ ပင်၊ ကံ့ကော် ၂၀ ပင် စုစုပေါင်း(၈၁၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ယင်းနောက် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံများရိုက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)