တောင်ငူမြို့၊ အ.ထ.က (၄) ၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

တောင်ငူ ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၌ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ပညာရေးမှူးရုံး၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့ပေါ်ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းကာ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြလေ့ကျင့်ခြင်းကို ဇွန် ၁၇  ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပြောကြားသည်။ ထို့နောက် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ကြရာ ငလျင်လှုပ်ခတ်ပြီးနောက် ကျောင်းသားကျောင်းသူများက သတ်မှတ်စုရပ်ကွင်းပြင်သို့ ပြေးထွက်ခြင်း၊ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက အဆောက်အဦအတွင်း ပိတ်မိ၍ ဒဏ်ရာရရှိသူများအား ကူညီကယ်ဆယ်မှုများ သရုပ်ပြသခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ခြင်းတို့ကို သရုပ်ပြသလေ့ကျင့်ခြင်းဆောင်ရွက်ကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို