နမ့်စန်မြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နမ့်စန်(တ) ဇွန် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် ၊နမ့်စန်မြို့နယ်တွင် ၂၀၂၅ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ(မြို့နယ်အဆင့်)ကို ယနေ့နံနက် ၉ နာရီက  အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့သည်။

အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုကို ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမျိုးတင့်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို “စဉ်ဆက်မပြတ် တိုးတက်ဖို့ အမျိုးသမီးများလည်းပါဝင်စို့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး နမ့်စန်မြို့နယ်ရှိ အ.ထ.က(မြို့မ)၊ အ.ထ.က (နမ့်စန်)၊ အ.ထ.က-ခွဲ(၅ရပ်ကွက်)နှင့် အ.ထ.က-ခွဲ(မြို့ဦး)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)