ပင်လုံ ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အမှတ်(၂)အခြခံပညာအလယ်တန်းကျောင်းခွဲ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားကိုတက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍ဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာကြီးဦးအောင်မြင့်ကျော်က ဆုံးမသြဝါဒစကားနှင့် ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းကောင်စီအမှု့ဆောင်အဖွဲ့၏အမည်စာရင်းများကြေငြာ၍ ကျောင်းအုပ်ကြီးက တာဝန်ပေးအထိမ်းအမှတ်အလံများပေးအပ်ခဲ့ပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် တစ်ကျောင်းလုံးကတိသစ္စာခံယူခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်သီချင်းစုပေါင်းသံပြိုင်သီဆို၍ ကျောင်းကောင်စီအဖွဲ့များအား လှည့်လည်ပြသကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)