လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

လှိုင်းဘွဲ ဇွန် ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ကလေးစာဖတ်ခန်း၌ မူလတန်းကြိုကလေးငယ်များ စွမ်းရည်ဖွံ့ဖြိုးစေရေး၊ပေါင်းစည်းလုပ်ကိုင်တတ်သောအလေ့အကျင့်ကောင်းများရရှိစေရေးအတွက်ရည်ရွယ်၍ ကဗျာရွတ်ဆို၊ ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများဆောင်ရွက်ရာတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက မူလတန်းကြိုကလေးငယ်များအား ပုံပြင်ပြောပြိုင်ပွဲ၊ တေး ကဗျာရွတ်ပြိုင်ပွဲ၊ ရုပ်ပုံပြပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အုပ်စုဖွဲ့အိမ်ဆောက်ပြိုင်ပွဲတို့ကို ဆောင်ရွက်ပေးကြရာ မူကြိုကလေးငယ်များက ပျော်ရွင်စွာပါဝင်ခဲ့ပြီး ပြိုင်ပွဲများကို ကျင်းပပေးခြင်းအားဖြင့် ကလေးငယ်များ ကာယ၊ ဉာဏ၊ အတွေးအခေါ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း၊  လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာခြင်းနှင့် ရုပ်ပြစာအုပ်များဖတ်ရှုသည့်အလေ့အထများကို ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

စောဒိ( ပြန်/ဆက်)