သတင်းများ

ပန်းတနော်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေလမ်းခရီးသွားပြည်သူများအား Life Jacket စနစ်တကျဝတ်ဆင်ရေး အသိပညာပေး
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူများအနေဖြင့် မိုးရာသီသို့ရောက်ရှိလာပြီဖြစ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေလမ်းခရီးဖြင့်သွားလာနေကြသော မိဘပြည်သူများအနေဖြင့် Life Jacket စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန်အတွက် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ River View အနီးကမ်းနားဆိပ်၌ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ချောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Pfizer JN.1) ထိုးနှံပေး
Jun 25,2025
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မ‌ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသည့် ပြည်သူများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး (Pfizer JN.1) ထိုးနှံပေးခြင်းကို ဇွန်လ ၁၇ ရက်နေ့မှစတင်၍ ချောက်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဌာနဆိုင်ရာရုံးတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း  ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွင် ကမ်းပါးပြိုကျမှု ကြည့်ရှုစစ်ဆေး
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွင် ကမ်းပါးပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
လပွတ္တာမြို့နယ်တွင် မျိုးစေ့ချစက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း အခမ်းအနားကျင်းပ
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် မြွေဟောက်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မျိုးစေ့ချစက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
နတ်မောက်မြို့၌ စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့် ပူးပေါင်း၍ ကလောင်စုံရေးသားသည့် “ လူငယ်နှင့်အောင်မြင်မှု ပန်းတိုင်ဆီသို့ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက် မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 25,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  မြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ ရောင်းချခြင်းရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရေဦးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့  ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် ပြည်သူကိုဗဟိုပြုပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက  ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ အသက် အဘွား‌နှင့်မွေးရာပါမသန်စွမ်းသူတို့အား ထောက်ပံ့ငွေ၊ ကြက်ဥနှင့်အဟာရဖြစ်မုန့်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြ
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ထွန်းတံတား၌ ရွေးမြစ်အတွင်း သွားလာပြေးဆွဲနေသော ခရီးသည်ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေ့ညနေ ၃ နာရီအချိန်က မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။