သတင်းများ

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံသီးနှံလျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံသီးနှံစိုက်ပျိုးခြင်းကို လျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့ အင်ကြင်းဥယျာဥ်၌ စုပေါင်းအမှိုက်ကောက်ခြင်းလုပ်ငန်းများဆောင်ရွက်
Jun 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ အင်ကြင်းဥယျာဥ်သည်အများ ပြည်သူများ လာရောက်အပန်းဖြေအနားယူရန်နှင့် ကလေးငယ်များ ဆော့ကစားရာနေရာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိရာ လာရောက်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်ဖြေနိုင်ရန်နှင့် သန့်ရှင်းသာယာရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းအမှိုက်ကောက်ခြင်းကို ဇွန် ၂၂ ရက်နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌ စောင်ပြပွဲ ပြုလုပ်
Jun 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ အခြေခံပညာကျောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့်လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲကို၊ ဟုမ္မလင်းမြို့နယ်၊ အ.လ.က-ခေါင်ခမ်း၊ ကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ
Jun 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၂၉၅၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၂၉၅၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟော‌ပြောပွဲအား ယမန်နေ့နံနက်က အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (မြို့သစ်)တွင် ပြုလုပ်ခဲ့သည်။
နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေး
Jun 25,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၃)ရပ်ကွက် မြို့မဝိသုဒ္ဒိဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းနှင့် ရပ်မိရပ်ဖများ၊ ရာစုမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
မိုင်းယုမြို့၌ COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ထိုးနှံပေး
Jun 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။