ကန်ကြီးထောင့်မြို့နယ်၌ အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကန်ကြီးထောင့် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟော‌ပြောပွဲအား ယမန်နေ့နံနက်က အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (မြို့သစ်)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက (အ.မ.က) မြို့သစ်ရှိ ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး “ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ အဆိပ်ပန်းကဗျာ”စသည့် အကြောင်းအရာများပါရှိသော လက်ကမ်းစာစောင်များအား  ကျောင်းသား/သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေးပေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက  ကျောင်းသား/သူလေးများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊  စာအုပ်စာစောင်များအားလည်းကောင်း လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)