မိုင်းယုမြို့၌ COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ထိုးနှံပေး

မိုင်းယု ဇွန် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မိုင်းယုတိုက်နယ်ဆရာဝန် ဒေါက်တာ ဟန်စိုး၏ ကြီးကြပ်မှုဖြင့် ကျေးလက်ကျန်းမာရေးသားဖွားဆရာမ ဒေါ်မော်နီကာနှင့် ဒေါ်ဝေဝေလွင်တို့မှ အသက် ၁၈ နှစ်အထက်ရှိသူ ဌာနဆိုင်ရာများနှင့် အသက် ၅၀ နှစ်အထက်ရှိသူ ဌာနဆိုင်ရာမိသားစုဝင် စုစုပေါင်း ၈၆ ဦးတို့ကို ကာကွယ်ဆေးမထိုးနှံမီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အခြေခံကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြသည်။

ကိုကိုနိုင်