ကန့်ဘလူ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ အင်ကြင်းဥယျာဥ်သည်အများ ပြည်သူများ လာရောက်အပန်းဖြေအနားယူရန်နှင့် ကလေးငယ်များ ဆော့ကစားရာနေရာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိရာ လာရောက်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်ဖြေနိုင်ရန်နှင့် သန့်ရှင်းသာယာရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းအမှိုက်ကောက်ခြင်းကို ဇွန် ၂၂ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်ကြင်းဥယျာဥ်အတွင်းရှိ ပလတ်စတစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးများ ပြုလုပ်ခြင်းတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတာဝန်ခံ ဦးညီညီစိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးလွင်နှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ရေသန့်ဘူးများဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)