အမရပူရ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက ဆီမီးထွန်း အခြေခံပညာ အလယ်တန်းကျောင်းတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကိုပြုလုပ်သည်။
ဦးစွာ ဆီမီးထွန်း အလယ်တန်းကျောင်းအုပ် ဆရာမကြီးဒေါ်တင်တင်ထိုက် က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက မူးယစ်းဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးမျိုးအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများနှင့် ဆိုးကျိုးများ ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ကျောင်းသား၊ ကျောင်းသူများက နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
စိုးသီဟ(အမရ)