သာယာဝတီ ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စံရွေးအုပ်စု၊ စံရွေးကျေးရွာအနီးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်မခမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးများပြိုကျခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအရှည်(၁၀၀)ပေ၊ အကျယ်(၂၅)ပေခန့် ပြိုကျမှု ဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများထိခိုက်မှုမရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်ရွာသားများ၊ စံရွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က ဆက်လက်မပြိုရေးလုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
စံရွေးအုပ်စုသည် မြစ်ကမ်းပါးတစ်လျှောက်၌ ကျေးရွာအများပြားတည်ရှိပြီး ၎င်းကျေးရွာအုပ်စုသည် မြစ်မခမြစ်ကမ်းပါးတွင်တည်ရှိသောကြောင့် အလားတူမြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)