ဘုတ်ပြင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူပြု AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်

ဘုတ်ပြင်း ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် ခေတ်မီနည်းပညာများလက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့် AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်းကို ယနေ့နံနက်က သပြေခန်းမတွင် သင်ကြားပေးခဲ့ပါသည်။

အဆိုပါနည်းပညာများကို ဘုတ်ပြင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွှန့်ဝင်းက AI နည်းပညာများကို သင်ကြားပို့ချပေးပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာသောတောင်သူများ၏ ဖုန်းထဲသို့ Software များ ထည့်သွင်းပေးခြင်း၊ အသုံးပြုသည့်နည်းလမ်းများကို စမ်းသပ်ပြသခြင်း စသည့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူ ၄၅ ဦးတို့ကို AI ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)