ကော့သောင်း ဇွန် ၂၅
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား၁၀၄ဦး၊ အမျိုးသမီး၂၈ဦး စုစုပေါင်း (၁၃၂)ဦးအား ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံကော့သောင်းမြို့မှတစ်ဆင့် ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိအဖွဲ့အစည်းများက စနစ်တကျ လက်ခံဆောင်ရွက်သည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသည့်နေရပ်ပြန်များအား လက်ခံဆောင်ရွက်နေမှုများကို စစ်ဗျူဟာအဖွဲ့အခြေချကော့သောင်းမှ ဗိုလ်မှူးကြီးအောင်ကိုလတ်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ကျန်းမာရေးဌာနမှတာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကိုယ်ရေးအချက်အလက်များကောက်ယူခြင်းများဆောင်ရွက်ပြီး ၎င်းတို့ နေရပ်ဒေသများသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)