ကျိုက်ထို ဇူလိုင် ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အ.ထ.က (ရွှေဥဩ) ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကို ဇူလိုင် ၁ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်စမ်းနှင့် တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၏ ရည်ရွယ်ချက်၊ ခံယူသည့်မူဝါဒ၊ ကတိသစ္စာ (၄) ချက်၊ အသင်းအမည်များနှင့် ကိုယ်စားပြုအလံအရောင်များ စသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့၏ အမည်စာရင်းများ ကြေညာကာ ကျောင်းအုပ်ဆရာမကြီးက တာဝန်ပေးအထိမ်းအမှတ် အလံများအား အသင်းတာဝန်ခံ ဆရာ၊ ဆရာမများထံ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်း၊ တက်ရောက်သူအားလုံး နိုင်ငံတော်သီချင်းစုပေါင်းသံပြိုင်သီဆိုခြင်း ကျောင်းကောင်စီအဖွဲ့ဝင်များ စီတန်းလှည့်လည်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)