ညောင်ဦး ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၆၂ စင်တီမီတာခန့် ၂ ပေခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဒေါ်ခင်လှနုထွေးထံက သိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊၏ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်ထွာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာရောက်ရှိနေသေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၅၉ စင်တီမီတာလိုကြောင်း၊ ယနေ့ဧရာဝတီ မြစ်ရေတိုင်းထွာချက်အရ ၂၀၆၁ စင်တီမီတာရှိနေကာ တဖြည်းဖြည်းတက်လာနေကြောင်း ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ် အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးထံကသိရသည်။ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရိမ်ရေမှတ် ရောက်ရှိရန်နီးကပ်လာပါက ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရုံးတာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း