လိပ်သိုဒေသထွက် ကွမ်းသီးခြောက်များ စျေးကောင်းရရှိ

လိပ်သို ဇူလိုင် ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

ဒေသနေပြည်သူများမှာ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းအနေဖြင့် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိကြောင်း၊ ကွမ်းသီးများကို ရင့်မှည့်ချိန်ပေါ်မူတည်၍ တစ်နှစ်လျှင် (၃) ပြန်ခူးလေ့ရှိပြီး အခွံချွတ်၊ နေလှန်း၊ အခြောက်ပြုလုပ်ကာ ပြောင်ကြီး၊ ပြောင်နီ၊ ရွေးသီး၊ ကြက်ချေးသီး စသည်ဖြင့် အမျိုးအစား ခွဲထုတ်ရောင်းချကြကြောင်း သိရသည်။

လိပ်သိုမြို့ပေါ်၌ နွေရာသီကာလက  ကွမ်းသီးခြောက် အဖြူတစ်ပိဿာလျှင် (၂၀၀၀ဝိ/-) ကျပ် အထိစျေးရရှိခဲ့ပြီး ယခုမိုးရာသီကာလတွင် ကွမ်းသီးခြောက် အဖြူတစ်ပိဿာလျှင် (၄၀၀၀ဝိ/-) ကျပ်အထိ စျေး​​ကောင်းရလျက်ရှိနေကြောင်း၊ ဒေသထွက်ကွမ်းသီးခြောက်များမှာ အရည်အသွေးကောင်းမွန်သောကြောင့် ဝယ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်