ကျိုက်လတ် ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး (RS to CS) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၃၀)နာရီက ပန်းဘဲစုကျေးရွာ၊ ကွင်းအမှတ်(၁၁၈)၊ ဦးပိုင်အမှတ်(၁/၂)ရှိ တောင်သူဒေါ်ကျင်ဆိုင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ဖျာပုံခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်တို့က မိုးစပါး (RS to CS) စီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ်လုပ်ရသည့် အကြောင်းအရင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် ဆောင်ရွက်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးစီမံကိန်းအတွက် သွင်းအားစုများအား တောင်သူများထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ဆက်လက်၍ RS to CS စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပရာ ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ဖျာပုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး သွင်းအားစုများ အချိုးကျ အချိန်ကိုက်သုံးစွဲနိုင်ရေး၊ ပိုးမွှား ကင်းရှင်းစေရေး၊ စိုက်နည်း စနစ်မှန်ကန်စေရေး ပြောကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)