ငလျင်‌ ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအတွက် အမျိုးသားသဘာဝဘေးကော်မတီမှ စားနပ်ရိက္ခာထောက်ပံ့

ရွာငံ ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ငလျင်‌ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအတွက် အမျိုးသားသဘာဝဘေးကော်မတီမှ စားနပ်ရိက္ခာ ဆန်ထောက်ပံ့‌ပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားသဘာဝဘေးကော်မတီမှ ငလျင်ဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာဆန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။ ရွာငံမြို့နယ်တွင် စားနပ်ရိက္ခာ (၅/၂၀၂၅) (၁)လစာ ဆန်ထောက်ပံ့မှုကို အိမ်ထောင်စု(၂၈၇)မှ လူဦးရေ(၁၁၇၁)ဦးအတွက် (၄၀)Kgပါ ဆန်အိတ် (၄၆၂)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)