တောင်တွင်းကြီး ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နံနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိ နေ့စဥ်စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိရာ သုတ၊ ရသစာစောင်များ၊ ရုပ်ပြစာစောင်များအား ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကို အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးပြုတက်စေရန် စာကြည့်တိုက်တွင်း ဖတ်ရှုခြင်း (သို့မဟုတ်) စာအုပ်စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် နေ့စဥ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူ ရင်သွေးငယ်များ၊ လူငယ်လူရွယ်များအား စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး ညဏ်ရည်ညဏ်သွေးများ တိုးတက်လာစေရန်၊ စာပေဗဟုသုတ ကြွယ်ဝပြည့်စုံသော လူငယ်များဖြစ်စေရန်ရည်ရွယ်၍ နေ့စဥ် တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိကာ သုတ၊ ရသ၊ ရုပ်ပြစာစောင်များ အသိပညာ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ရုံးအတွင်း ဖတ်ရှုခြင်း၊ ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)