မြန်အောင် ဇူလိုင် ၃
၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်ခရိုင်မှ တိုင်းဒေသကြီးအဆင့်အားကစားပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများအား မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့က ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက တိုင်းဒေသကြီးအဆင့် အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်ယောက် ၈ ခရိုင် အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်တွင် နှစ်ယောက်တွဲ တတိယဆု/ သုံးရောက်တွဲ တတိယဆုရ အားကစားသမားများကို မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက ဂုဏ်ပြုဆုများထပ်ဆင့်ပေးအပ်ခဲ့ပြီး မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်အောင်မြို့နယ် အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းအား ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)