သတင်းများ

မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို စျေးနှုန်သက်သာစွာရောင်းချပေး
Jul 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ အမှတ်(၁) ရပ်ကွက်တွင် စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ယနေ့နံနက်က စားအုန်း ဆီ၊ဆန်နှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်းတုံ-တာဆန်းသွားလမ်း ပခုံးမြေသားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အ‌ခြေအနေအား ကွင်းဆင်းစစ်‌‌ဆေး
Jul 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုရရန်ပုံငွေ (၂၉.၅၀)သန်းဖြင့် မိုင်းတုံ-မိုင်းတာဆန်းသွားလမ်းရှိ‌‌ 235km- 235.63km အတွင်း အရှည် (၈၂၀)ပေ ဘေးဝဲယာရှိ လမ်းပခုံးမြေသားများ ပဲ့ကျသောနေရာအား မျောတုတ်ရိုက်ခြင်းလုပ်ငန်းကို လမ်းအထူး(၃)အဖွဲ့မှ ဦးဆောင်၍ စတင်ဆောင်ရွက်‌နေမှု အခြေအနေအား မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီကြပ်မှုကော်မတီဥက္ကဋ္ဌ ဦလွင်မိုး၊ အတွင်းရေးမှူး ဦးရဲအောင်နိုင် (ဦးစီးအရာရှိ၊ မြို့ပြ) လမ်းအထူး(၃) ဦးဆန်းထွန်းဝင်း (အငယ်တန်း အင်/ယာ-၂ မြို့ပြ)တို့ ပူးပေါင်း၍ ယမန်နေ့ (၁၃:၃၀)နာရီအချိန်က ပြီးစီးမှုအ‌ခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လမ်းအထူး(၃) မှ ဦးဆန်းထွန်းဝင်း (အငယ်တန်း အင်/ယာ-၂ မြို့ပြ)နှင့် တာဝန်ရှိသူက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်‌ရောက်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်
Jul 19,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သရက်မြို့နယ် လေးတိုင်စင်ကျေးရွာ၊ ကုလားစုကျေးရွာနှင့် ရေပေါ်ကျွန်းကျေးရွာတို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြောင်းရွှေ့ အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၇)ဦးတို့အတွက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက စံပုံတင်ဘုန်းတော်ကြီးကျောင်းအတွင်း ဆောင်ရွက်ပေးခဲ့သည်။
ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးအထက်တန်းကျောင်းတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)တွင် ယမန်နေ့ မွန်းလွဲပိုင်းက (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောပွဲကို ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩစွဲအ‌လေးပြုခြင်း ပြုလုပ်
Jul 19,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩစွဲအလေးပြုခြင်းအစီအစဉ်ကို ဇူလိုင်လ (၁၉)ရက် နံနက် (၁၀)နာရီ (၃၇)မိနစ်အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီး၍ နယ်မြေစခန်းများနှင့် တစ်ပြိုင်တည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ကျန်းမာရေးချို့တဲ့သူဝေဒနာရှင်များအား ဒို့မေတ္တဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်ပေး
Jul 19,2025
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့  ပုထိုးဖြူရပ်ကွက်  ငွေတောင်ဦးကျောင်း  ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ယနေ့   နံနက်ပိုင်းမှ စတင်ကာ နေ့လည် (၁) နာရီအချိန်အထိ  ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား  ဇူလိုင်လဒုတိယပတ် ဆေးကုသပေးကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ဆောင်ရွက်
Jul 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနပိုင်၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးအတွင်း ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 19,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။