စေတုတ္တရာ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုဇင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများက KG တန်း ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါကျောင်းတွင်း အာဟာရကျွေးခြင်းကို စေတုတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ KG တန်း ကျောင်းသားကျောင်းသူများအား အာဟာရကျွေးခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)