ဆိပ်ဖြူ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ရပ်ကွက်ခြင်းဆက် လမ်းသစ်တစ်လမ်းနှင့် အနောက်ပိုင်းရပ်ကွက် လမ်းသွယ်တစ်လမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့၏ မြို့ပြဖွံ့ဖြိုးတိုက်တက်မှုနှင့်အညီ မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ရပ်ကွက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေဆောင်ရွက်နိုင်စေရန် အနောက်ပိုင်းရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်ကို ဆက်သွယ်ပေးမည့် ဗိုလ်ချုပ်လမ်း သိမ်တော်ကုန်းလမ်းဆုံမှ ရွှေတောင်ဦးဘုရား လမ်းသစ်တစ်လမ်းနှင့် ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်းသွယ် (၂) လမ်းတို့ဆက်သွယ်သည့် လမ်းသစ်နှစ်ခုကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း ဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်မိရပ်ဖတို့မှပူးပေါင်း၍ အဆိုပါလမ်းသစ်နှစ်ခုအား ယာဉ်ယန္တာရားများအသုံးပြု ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)