သတင်းများ

ပင်းတယမြို့နယ်တွင် စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး (ဆင့်ပွား) သင်တန်း ဖွင့်လှစ်
May 22,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယမန်နေ့မနက်ပိုင်းက စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး (ဆင့်ပွား) သင်တန်းကို ဖွင့်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး
May 22,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအရှေ့ရပ်ကွက်တွင်နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) စီမံချက်အား အကောင်အထည်ဖော်ဆောင်မှုအနေဖြင့် ကျန်းမာရေးစစ် ဆေးပေးခြင်းနှင့် လိုအပ်သောကုသမှုများကို ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
ဟုမ္မလင်းမြို့နယ်တွင် Women Club အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်    
May 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က Women Club အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။   
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီပေါ် ဒူးရင်းသီးများ ဈေးကောင်းရရှိ
May 22,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ရော်ဘာ၊ ဒူးရင်း၊ မင်းကွတ်၊ နာနတ်၊ ကျွဲကောများကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး အလေ့ကျပေါက်လျက်ရှိသည့် အသီးအရွက်များကိုလည်း ဆွတ်ခူးရောင်းချလျက်ရှိရာ ခြံထွက်ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများ ဈေးကောင်းရရှိလျက်ရှိသည်။
ညောင်တုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်‌ရေး ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်း
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်‌ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ ဌာနဆိုင်ရာများ ပါဝင်သော မြို့နယ်အကူအညီပေးရေးအဖွဲ့များက ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်လျက်သည်။
မဟာအောင်မြေမြို့နယ်၌ အခြေခံပညာအလယ်တန်းဆင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာသင်တန်း ဖွင့်လှစ်
May 22,2026
‎ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအဆင့် အခြေခံပညာအလယ်တန်းဆင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာသင်တန်း ဖွင့်လှစ်မှုကို မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းကစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲများ ကျင်းပ
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ​လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အထ ပိုမိုထွန်းကားလာစေရန်နှင့် စာဖတ်ခြင်း၏ တန်ဖိုးကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာဖတ်ခြင်း၏အကျိုး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ ခရိုင်ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 22,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၏ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။