သတင်းများ

ပျော်ဘွယ်မြို့နယ် အ.ထ.က (ရွာသစ်အနောက်)တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 09,2025
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ရွာသစ်အနောက်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ အမှုစစ်(အရာရှိ)(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်
Jun 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် အမှုစစ် (အရာရှိ)(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဖလား အသက် (၁၃) နှစ်အောက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jun 09,2025
၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ သံယဇာတရေးရာဝန်ကြီးဖလား အသက်(၁၃)နှစ်အောက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ယမန်နေ့နံနက် ၁၀ နာရီကကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြန်အောင်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ မြို့မနေခြည်စျေးရှေ့တွင် ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ မြို့မနေခြည်စျေးရှေ့တွင် ယမန်နေ့နံနက်က အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေး စဥ်ဆက်မပြတ်ဆောင်ရွက် 
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ချောင်းဝရပ်ကွက် အ.မ.ကချောင်းဝကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၅၁၁၉ ဦး ပညာသင်ကြား
Jun 09,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၅၁၁၉ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်၊ ကြပ်ကွင်းကျောင်းထိုင်ဆရာတော်မှ အမက ကျောင်းသား၊ ကျောင်းသူများ နှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များပေးအပ်
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ဦ ကြံခင်းမြို့နယ်၊ ကြာအင်းအုပ်စု၊ ကြပ်ကွင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် Grade-11, Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဗလာ စာအုပ်များပေးအပ်ပွဲ ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ဆဋ္ဌမနေ့ ဘာသာပြန်ဘာသာ နှင့် ပဋ္ဌာန်းကုလသတိက်ဘာသာရပ်များ ဆက်လက်ဖြေဆို
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်း ရှိ သာသနာ့ဗိမာန် တော်ကြီးတွင် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သာသနာတော် တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်း ဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ၂၀၂၅ ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ယနေ့ နေ့လယ် (၁၂)နာရီ၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။