မဟာအောင်မြေ မေ ၂၂
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအဆင့် အခြေခံပညာအလယ်တန်းဆင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာသင်တန်း ဖွင့်လှစ်မှုကို မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းကစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာအလယ်တန်းဆင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာသင်တန်းကို မေလ ၂၂ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းကို သင်တန်းနည်းပြ ၃ ဦး၊ ကြီးကြပ်သူ ၂ ဦးတို့ဖြင့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းသား၊ သူ စုစုပေါင်း ၅၈ ဦး တက်ရောက်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မဟာအောင်မြေမြို့နယ် ပညာရေးမှူး ဒေါ်စိုးစိုးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း