မိုင်းဆတ်မြို့၌ ခရိုင်ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

မိုင်းဆတ် မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၏ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက စီမံကိန်းတာဝန်ပေးအပ်ရသည့်ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းများ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားပြီး လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီး ဒေသန္တရစီမံကိန်းလုပ်ငန်းများကို တာဝန်ရှိသူတို့ထံ ပေးအပ်သည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးသက်ခိုင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းတွင် ပြည်ထောင်စုနှင့်ပြည်နယ်မှ ရန်ပုံငွေခွဲဝေချထားမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းလုပ်ငန်း များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်