ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး

ပြည်ကြီးမဏ္ဍိုင် မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအရှေ့ရပ်ကွက်တွင်နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) စီမံချက်အား အကောင်အထည်ဖော်ဆောင်မှုအနေဖြင့် ကျန်းမာရေးစစ် ဆေးပေးခြင်းနှင့် လိုအပ်သောကုသမှုများကို ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများကို ပြည်ကြီးမဏ္ဍိုင်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  တိုက်နယ်ဆရာဝန် ဒေါက်တာ ဖြိုးမင်းသိန်းနှင့် ဝန်ထမ်းများက လေညာအရှေ့ရပ်ကွက်ရှိ ဒေသခံပြည်သူများအား သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဖျားနာခြင်း၊ အရေပြားပိုးဝင်ခြင်း၊ အဆုတ်ရောင်ချောင်းဆိုးခြင်းနှင့် သာမန်ဖျားနာခြင်း စသည့် ရောဂါများအား လိုအပ်သော စမ်းသပ်ကုသမှုများ ဆောင်ရွက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)