ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီပေါ် ဒူးရင်းသီးများ ဈေးကောင်းရရှိ

ပြည်ကြီးမဏ္ဍိုင် မေ  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ရော်ဘာ၊ ဒူးရင်း၊ မင်းကွတ်၊ နာနတ်၊ ကျွဲကောများကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး အလေ့ကျပေါက်လျက်ရှိသည့် အသီးအရွက်များကိုလည်း ဆွတ်ခူးရောင်းချလျက်ရှိရာ ခြံထွက်ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများ ဈေးကောင်းရရှိလျက်ရှိသည်။

ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ နန်းတောင်ကျေးရွာ၊ လမ်းဖိုးကမ်းကျေးရွာနှင့် ရှမ်းထင်းမယ်ကျေးရွာများ မှ ဒူးရင်းသီး အများဆုံးထွက်ရှိရာ မေလတွင် အသီးများ ကောင်းစွာရင့်မှည့်လာပြီး အပင်ပေါ်တွင် မှည့်၍ ကြွေကျလာသောအသီးများကို ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်နှင့် လေညာရပ်ကွက်ရှိဆိုင်များသို့ ဖောက်သည်ပေးရောင်းချလျက်ရှိရာ ဒူးရင်းသီးအလုံး အရွယ်အစားပေါ် မူတည်၍ တစ်လုံးလျှင် (၅၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ် အထိ ရရှိပြီး  ဒူးရင်းသီးများအား ယိုထိုး၍လည်း  ရောင်းချရာ ဒူးရင်းယို တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်မှ (၅၀၀၀၀) ကျပ်အထိ ရရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)